သင်မသိသေးတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအကြောင်း အချက် (၁၀) ချက်

ရွှေ့ပြောင်းအခြေချနေထိုင်တယ်ဆိုတာ ဒီနေ့ခေတ်မှာ သိပ်ကျယ်ပြန့်လာတဲ့ အရေးဖြစ်ပေမယ့် မသေချာတွေကလည်း ရှိနေပါသေးတယ်။ ဒါကြောင့် အရေးကြီးတဲ့ အကြောင်းအရာတွေကို သိရှိထားဖို့ လိုပါမယ်။ ဒါ့ကြောင့် သင်မသိနိုင်လောက်သေးတဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အချက်(၁၀) ချက်ကို တင်ပြလိုက်ပါတယ်။
ရွှေ့ပြောင်းနေထိုင်ခြင်းဆိုတာ အခုမှ အသစ်ဖြစ်လာတာမဟုတ်ပါဘူး။ လူတွေက မတူညီတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ နေရာသစ်တွေမှာ ရွှေ့ပြောင်းရှင်သန်နေထိုင်ကြပါတယ်။ အကြောင်းအရာတွေကို ရှုထောင့် အမြင်စုံနဲ့ ကြည့်ရှုနိုင်ဖို့က အရေးပါပါတယ်။ ၁၉၉၀ နောက်ပိုင်းမှာတော့ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုနှုန်းက ၂.၉ ရာခိုင်နှုန်းကနေ ၃.၃ ရာခိုင်နှုန်းလောက်သာ တိုးမြင့်လာခဲ့တာပါ။


ရွှေ့ပြောင်းနေထိုင်မှု အလုံးစုံ
———————-
ရွှေ့ပြောင်းနေထိုင်သူအားလုံးလိုလိုဟာ အနောက်နိုင်ငံတွေဆီကို သွားကြတာမဟုတ်ပါဘူး။ ကုလသမဂ္ဂရဲ့ ၂၀၁၈ အစီရင်ခံစာမှာ ၂၁ . ၇ သန်းသော ရွှေ့ပြောင်းနေထိုင်သူတွေကို ဖွံ့ဖြိုးဆဲ နိုင်ငံတွေက လက်ခံခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အီးယူအဖွဲ့ဝင်နိုင်ငံတွေ၊ မြောက်အမေရိကနိုင်ငံတွေလို ဖွံ့ဖြိုးပြီး နိုင်ငံတွေက လက်ခံတဲ့ရွှေ့ပြောင်းနေထိုင်သူဦးရေဟာ ၃ . ၆ သန်းပဲရှိပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေက ရွှေ့ ပြောင်းနေထိုင်သူတွေကို လက်ခံမှုနှုန်းက နှစ်ဆ မြင့်တက်လာခဲ့ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေကို အများဆုံး လက်ခံတဲ့ နိုင်ငံ(၁၀) နိုင်ငံကတော့ တူရကီ၊ ပါကစ္စတန်၊ လက်ဘနွန်၊ အီရန်၊ ယူဂန်ဒါ၊ အီသီယိုးပီးယား၊ ဂျော်ဒန်၊ ဂျာမနီ၊ ဒီအာကွန်ဂိုနဲ့ ကင်ညာနိုင်ငံတွေပဲ ဖြစ်ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူအများစုက လူငယ်တွေဖြစ်
—————————–
တခြားနိုင်ငံတွေဆီ ရွှေ့ပြောင်းနေထိုင်သူ အများစုက လူငယ်တွေဖြစ်ပါတယ်။ ဘာကီနာဖာဆို၊ ဂါနာ၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ ယူဂန်ဒါနိုင်ငံတွေကနေသွားတဲ့ ရွှေ့ပြောင်းနေထိုင်သူအားလုံးထဲမှာ တဝက်ကျော်က လူငယ်တွေဖြစ်ပါတယ်။ လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ပညာရေးသင်ကြားတတ်မြောက်ဖို့ ရွှေ့ပြောင်းနေထိုင်ကြတာဖြစ်ပြီး သူတို့ဟာ ဒီအခွင့်အလမ်းကနေရရှိတဲ့ အသိပညာတွေကို လက်တွေ အတတ်ပညာအဖြစ် ပြောင်းလဲ သုံးစွဲချင်ကြတယ်။ ဒါကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေဟာ သာမန်လူတွေထက်ပိုပြီး ပညာရေးမြင့်မားမှုရှိကြပါတယ်။
ရွှေ့ပြောင်းနေထိုင်သူအားလုံးက အမျိုးသားတွေ မဟုတ်
—————————-
အမျိုးသမီးတွေ ရွှေ့ပြောင်းနေထိုင်မှုမှာ လူမှုရေးနယ်ပယ်အဆင့်အတန်းခွဲခြားမှု၊ ကန့်သတ်ထိန်းချုပ်မှုတွေ ပိုရှိတတ်ပေမယ့် အမျိုးသမီး ရွှေ့ပြောင်းနေထိုင်သူနှုန်းက မြင့်သထက်မြင့်တက်လာပါတယ်။ ကမ္ဘာတစ်ဝန်းလုံးက ရွှေ့ပြောင်းနေထိုင်သူအားလုံးထဲမှာ တစ်ဝက်တိတိက အမျိုးသမီးတွေဖြစ်ပါတယ်။ သုတေသနစစ်တမ်းမှာ ပညာမြင့်မားတဲ့ ဖခင်တွေရဲ့ သမီးတွေက ပိုပြီးရွှေ့ပြောင်းနေထိုင်မှုများကာ ပညာတတ်ဖခင်တွေက သမီးတွေရဲ့ အနာဂတ်ပိုမိုကောင်းမွန်စေဖို့ စေလွှတ်ကြတာကြောင့်ပါ။ အမျိုးသား ရွှေ့ပြောင်းနေထိုင်သူတွေက အလုပ်အကြောင်းပြချက်ကြောင့်များပြီး အမျိုးသမီးတွေက မိသားစု အကြောင်းပြချက်ကြောင့်များတယ်လို့ စစ်တမ်းက ဆိုပါတယ်။
ရွှေ့ပြောင်းနေထိုင်သူအားလုံးမှာ တူညီတဲ့ အကြောင်းပြချက်မျိုးမရှိ
—————————–
ရွှေ့ပြောင်းနေထိုင်သူအားလုံးမှာ သူ့အကြောင်းပြချက်နဲ့သူ ရှိကြပါတယ်။ တချို့က သူတို့မိခင်နိုင်ငံမှာ စစ်ပွဲတွေဖြစ်လို့ ရွှေ့ပြောင်းကြတယ်။ တချို့က ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေအတွက် ပြောင်းကြတယ်။ ရွေးချယ်မှုပုံစံမျိုးထက် ရှင်သန်ခြင်း၊ သေဆုံးခြင်းမျိုးအဖြစ် ရွေးချယ်မှုတွေသာဖြစ်တယ်။ ၂၀၁၆ ခုနစ်က ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ရွှေ့ပြောင်းနေထိုင်သူ (၆၆) သန်းက ဖိနှိပ်ချုပ်ခြယ်ခံရခြင်း၊ ပြည်တွင်းပဋိပက္ခ၊ အကြမ်းဖက်ခံရမှု၊ လူ့အခွင့်အရေး ချိုးနှိမ်ခံရမှုတွေကြောင့် နေအိမ်ကို စွန့်ခွာကြတယ်လို့ ဆိုပါတယ်။ သန်း (၄၀) ကျော်က သူတို့နိုင်ငံတွင်းမှာပဲ နေရာရွှေ့ပြောင်းနေထိုင်ကြတယ်လို့ ဖော်ပြပါရှိခဲ့ပါတယ်။
စိုက်ပျိုးရေးကဏ္ဍက အဓိက အခရာကျ
—————————–
လူအများယုံကြည်ကြတာက ကျေးလက်ကနေ မြို့ပြကို သွားချင်ကြတယ်ဆိုတာမျိုးပါ။ ဒီအခြေအနေက ပိုပြီး ရှုတ်ထွေးပါတယ်။ ဥပမာအားဖြင့် အများစုသော ရွှေ့ပြောင်းနေထိုင်သူတွေဟာ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အလုပ်အကိုင်တွေအတွက် ကျေးလက်တစ်ခုကနေ နောက်ကျေးလက်တစ်ခုကိုပဲ အပြောင်းများပါတယ်။ ဒါမှလည်း စားနပ်ရိက္ခာဖူလုံမှု အာမခံနိုင်လို့ပါ။
ရွှေ့ပြောင်းနေထိုင်မှုကို ဖြစ်စေတဲ့ ရာသီဥတုပြောင်းလဲမှု
—————————-
ကမ္ဘာကြီးပူနွေးလာခြင်းက မြို့ပြမှာနေထိုင်သူတွေအပေါ် အဓိကသက်ရောက်မှု ရှိစေပါတယ်။ မိုးခေါင်၊ ရေကြီးမှုတွေက ရာသီဥတုကို ပြောင်းလဲစေပြီး စိုက်ပျိုးထွန်ရက်မှုကဏ္ဍကို ပျက်စီးစေတယ်။ ဒါကြောင့် လူပေါင်းများစွာက စားနပ်ရိက္ခာဖူလုံမှု၊ ဝင်ငွေဆုံးရှုံးမှု၊ ပြင်းထန်လွန်းတဲ့ အပူချိန်ဒဏ်တွေကနေလွတ်ဖို့ ရွှေ့ပြောင်းနေထိုင်မှုတွေကို ဖြစ်စေတယ်။ ဆင်းရဲသားလူတန်းစားမှာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ရွှေ့ပြောင်းနေထိုင်မှုဖြစ်စဉ်တွေပိုဖြစ်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းသုံးသပ်ပါတယ်။
လက်ခံနိုင်ငံနဲ့ မူလနိုင်ငံတွေအပေါ် သက်ရောက်မှု
—————————–
လက်ခံနိုင်ငံတွေကတော့ အလုပ်သမားရှားပါးမှုမှာ အစားထိုးစရာရလို့ ကောင်းတဲ့ အကျိုးသက်ရောက်မှုကို ရစေတယ်။ မူလနိုင်ငံတွေမှာတော့ အလုပ်သမားစျေးကွက်မှာ အလုပ်သမားရှားပါးမှု ပြဿနာကို ရင်ဆိုင်ရမှာပါ။ ထွက်ခွာသူထားခဲ့တဲ့ မိသားစုရော၊ နိုင်ငံရောအတွက်ပါ နစ်နာမှုကို ဖြစ်စေပါတယ်။
ဒါပေမဲ့ မိသားစုပေါင်းများစွာက ရွှေ့ပြောင်းနေထိုင်မှုကို အားပေးကြတယ်။ ရွှေ့ပြောင်းနေထိုင်ဖို့ ထွက်ခွာသွားပြီး တခြားနိုင်ငံမှာ အလုပ်လုပ်လို့ရတဲ့ လစာကို မိသားစုတွေဆီပြန်ပို့၊ အကျိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မိသားစုဝင်တွေက မိခင်နိုင်ငံမှာ ပြန်လည်အသုံးပြုတာက ဝင်ငွေကို သုံးဆအထိ မြင့်စေနိုင်ပါတယ်။
ဖွံ့ဖြိုးခြင်းနဲ့ ရွှေ့ပြောင်းနေထိုင်မှု
—————————–
ရွှေ့ပြောင်းနေထိုင်သူတွေများလာတဲ့ နိုင်ငံတွေက ပိုပြီးတိုးတက်လာတယ်။ ဒါပေမဲ့ အရမ်းဆင်းရဲလွန်းတဲ့ မိသားစုတွေအတွက် ရွှေ့ပြောင်းနေထိုင်နိုင်ရေးမှာ သုံးဖို့ လုံလောက်တဲ့ ပိုက်ဆံ မရှိကြပါဘူး။ ရွှေ့ပြောင်း နေထိုင်သူများရင် မိခင်နိုင်ငံထိခိုက်ရတာကြောင့် တားမြစ်ဖို့အရေး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်တာ၊ ဆင်းရဲမွဲတေမှု လျော့ချတာတွေလုပ်ဆောင်တာကလည်း ဆန့်ကျင်ဘက်သက်ရောက်မှုဆီပဲ ရောက်နိုင်ပါတယ်။ ဝင်ငွေ အလယ်အလတ်တန်းစားပဲ ရှိတဲ့ နိုင်ငံတွေမှာ ဒီလိုဖွံ့ဖြိုးမှုလုပ်ငန်းတွေ လုပ်ရင်လည်း ရွှေ့ပြောင်းနေထိုင်မှု လျော့ချနိုင်တာဆိုလို့ လူလတ်တန်းစားအဆင့်ကပဲ ပြုလုပ်နိုင်မှာပါ။
မညီမျှမှုရလဒ်တွေရှိတဲ့ ရွှေ့ပြောင်းနေထိုင်မှု
——————————
အခွင့်အလမ်း မမျှတခြင်းက ရွှေ့ပြောင်းနေထိုင်မှုတွေကို ဖြစ်တည်စေတာပါ။ လူတွေကို ပိုကောင်းတဲ့ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရစေဖို့ အနာဂတ် အတွက်ရည်စူးပြီး ရင်းနှီးမြှုပ်နှံခြင်းက ပိုကောင်းပါတယ်။ အခွင့်အလမ်းကောင်းတွေပိုရစေဖို့ ရွှေ့ပြောင်း နေထိုင်ရှင်သန်ကြဖို့ မတိုက်တွန်းဘဲ ဒီလို အနာဂတ်အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးရမှာပါ။ ဒါကြောင့် ရွှေ့ပြောင်းနေထိုင်ခြင်းဆိုတာ ရွေးချယ်မှု သီးသန့်ပဲဖြစ်ရမှာပါ။ အခွင့်အလမ်း ပါးရှားခြင်းကြောင့် အရေးပေါ် ရွေးချယ်ရမယ့် လမ်းစဉ်တော့ မဖြစ်သင့်ပါဘူး။
Source and Photos : diplomatie.belgium.be
#myanamrrhythm
#migration


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *